ကွန်ပျူတာတစ်လုံးရဲ့ ပါဝါတွေကို ဘယ်လိုကြည့်မလဲ

Posted in
No comments
By Unknown



ဒီတခါတော့ ကွန်ပျူတာတစ်လုံးရဲ့ ပါဝါကို ဘယ်လိုကြည့်ရင် သိနိုင်မလဲဆိုတာကို ပြောပြပါမယ်..။ မိမိတို့စက်ဝယ်တဲ့အခါတွေမှာ ဒါလေးတွေ ကြည့်တတ်မှ
ဝယ်ရတာအဆင်ပြေပါတယ်..။ အသစ်ဝယ်ဝယ်၊ Second-hand ပဲဝယ်ဝယ် ဒါတွေကြည့်တတ်ဖို့လိုပါတယ်..။ ကွန်ပျူတာတစ်လုံးရဲ့ တန်ဖိုးကို ဒီနည်းလေးတွေနဲ့ ကြည့်ပြီး (အကြမ်းမျဉ်း) သတ်မှတ်နိုင်ပါတယ်..။ အပေါ်ကပုံကတော့ ကွန်ပျူတာရဲ့ Processor လို့ခေါ်တဲ့ ကွန်ပျူတာဦးနှောက်နဲ့ RAM မန်မိုရီကိုကြည့်တာပါ..။ RAM ဆိုတာက အခုလက်ရှိ ကွန်ပျူတာပေါ်မှာ လုပ်ဆောင်နေတဲ့ အလုပ်တွေအားလုံးဟာ RAM မန်မိုရီပေါ်မှာပဲ အလုပ်လုပ်နေတာ ဖြစ်ပါတယ်..။ သူ့ကို ယာယီမှတ်ညဏ်လို့ ခေါ်ရမှာပါ..။ ဘာလို့လဲဆိုတော့ စက်ဖွင့်ထားတဲ့အချိန်မှာပဲ အလုပ်လုပ်ပေးတာ ၊ မှတ်ထားပေးတာ ဖြစ်ပြီးတော့ .. စက်ပိတ်လိုက်ရင်တော့ အားလုံးကို ဖျက်ပစ်လိုက်ပါတယ်..။ RAM မန်မိုရီက ဘာမှမှတ်မထားပေးပါဘူး..။ မိမိရဲ့အလုပ်တွေကို မှတ်ထားချင်ရင်တော့ Hard Disk ထဲမှာ ပြောင်းသိမ်းရပါတယ်..။ ဒီအပေါ်ပုံလေးကိုကြည့်နည်းလေးကတော့ ကွန်ပျူတာမှာ ရိုက်ကလစ် ထောက်ပါ..။ properties ကိုသွားပါ..။ 2.13 GHz ဂျီဂါဟတ်ဇ်လို့ အသံထွက်ပါတယ်..။ Processor ကတော့ ကွန်ပျူတာ ဦနှောက်ကိုပြောတာပါ..။
Hard Disk ဆိုတာကတော့ ကွန်ပျူတာထဲမှာ သိမ်ထားနိုင်တဲ့ မန်မိုရီတွေကိုပြောတာပါ..။ (အောက်ပုံ)

 System Information ကတော့ အားလုံးကိုချုံကြည့်နိုင်တဲ့ နေရာပါ..။ ပုံမှာပြထားတဲ့အတိုင်း တဆင့်ပြီးတဆင့် လုပ်ကြည့်လိုက်ရင် ပုံထဲက အတိုင်းထွက်လာမှာပါ...။

 မူရင်းပိုစ့်ပိုင်ရှင်_ လွင်မင်းဗိုလ်(နည်းပညာ)                                                   Thank

0 comments:

PC မှာဆိုရင်တော့ IDM ပေါ့နော် Android phone မှာတော့ ADM လေးပါ

Posted in
No comments
By Unknown


 ကျွန်တော်တိုတွေ Internet မှနေပြီတော့ မိမိတို လိုတာကို download ရပါတယ် ဖုန်းနဲ့ ပါတ်သတ်ပြီး downloader လေတစ်ခု ပြောပြချင်ပါတယ်
သူကတော့ ADM Downloader လေပါ။ တချို့တွေလည်း သိပြီးသား ဖြစ်မှာပါ။အဲဒီ ကောင်လေးရဲ့ မြန်ချက်ကတော့ မိုက်တယ်
သူကတော့ video,music,software,etc.. တွေကို ဒေါင်းပေးပါတယ်။ပြီးတော့ facebook က video ကိုလည်း support ပေးပါတယ်။
software တွေဒေါင်းမယ်ဆိုရင်တော့ URL လင့်ကို copy and paste နဲ့ လုပ်ပေးရပါတယ်

   (2) ကတော့ start ကိုမနှိပ်ခင် browers လို့ပေါ်မှနှိပ်ပါ  ပြီးမှ link ကိုဝင်ပြီ ဒေါင်းလုပ်ယူပါ
    အဲဒီခါကြမှ start ပေါ်လာလိမ့်မယ် ကဲ စိတ်ကြိုက်သာ ဒေါင်းပေတော့ မြန်ချက်ကတော့ သုံးဖူးမှ
    သိလိမ့်မယ်..

                    http://www43.zippyshare.com/v/94186154/file.html

0 comments:

ကွန်ပျူတာရဲ့ IMFORMATION အသေးဆိပ်ကိုသိရအောင်

Posted in
No comments
By Unknown



computer တစ်လုံးရဲ့  အသေးစိတ် information ကိုကြည့် ရအောင်
=======================================
computer တစ်လုံးမှာတပ်ဆင်ထားတဲ့ hardware item တွေအားလုံးရဲ့ detail information ကြည့်ချင်ရင်၊ Hotfix ဘယ်လောက်ထည့်ထားသလဲ၊ Page file size ဘယ်လောက်ရှိသလဲ၊ ကွန်ပျူတာကို ဖွင့်ထားတာ အချိန်ဘယ်လောက်ကြာပြီလဲ၊ IP Address ကဘယ်လောက်လဲ စသည်ဖြင့် အချက် အလက်များ အားလုံးကို အမြန်ကြည့် နည်းလေးကို မျှဝေ လိုက်ပါတယ်။
အောက်ပါအတိုင်းလုပ်ဆောင်ပါ။

၁။ Start>Run ကိုသွားပါ။

၂။ cmd ဟုရိုကဟုရိုက်ပြီး Enter ခေါက်ပါ။


၃။ (cmd သည် command prompt ၏အတိုကောက်ဖြစ်ပါသည်)

၃။ cmd ပွင့်လာသောအခါတွင် systeminfo ဟုရိုက်ပြီး Enter ခေါက်ပါ။

၎။ သင့်ကွန်ပျူတာ၏ အသေးစိတ်အချက်အလက်များ ကျလာပါလိမ့်မည်။

၅။ cmd မှထွက်ရန်အတွက် exit ဟု ရိုက်ပြီး Enter ခေါက်ပါ။
=======================================
ဆက်လက်ဖော်ပြပေးပါမည်။ (အခုပဲ လိုက်လုပ်ကြည့် ပေးပါ )
 
                                                                            http://saithu102.blogspot.com

0 comments:

ဖုန်းလေးတစ်ချက်လှုပ်လိုက်ရုံဖြင့် Wallpaper ပြောင်းပေးသော Android Apk

Posted in
No comments
By Unknown



Android ဖုန်းတွေအတွက် apk အလန်းစားလေးတစ်ခုပါ။ ဖုန်းလေး လှုပ်လိုက်ရင်ဖြစ်ဖြစ် Whistle မှုတ်လိုက်ရင်ဖြစ်ဖြစ် ဖုန်း၇ဲ့ Wallpaper ကို အော်တို ချိန်းပေးမယ် apk လေးပါ။

ထိုပြင် ဘယ်ရက်မှာဘယ် Wallpaper ထားမလဲဆိုတာပါ ကြိုတင်ပြုလုပ်ထားလိုရပါတယ်။


                                   Download MediaFire 


                                        www.taikkyi-thar.blogspot.com

0 comments:

IMEI ကပြောသော သင့် ဖုန်းရဲ့ ကွာလတီအကြောင်း.......

Posted in
No comments
By Unknown




Iphone , nokia , samsung , sonny ericsson and motorola စတဲ့ ဖုန်းများကို သင့် ဖုန်းရဲ့  IMEI 

(International Mobile Equipment Identity - )   နိုင်ငံတကာ မိုဘိုင်းဖုန်း 

တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် IMEI ကို ကြည့် ရှူ့ ပြီး ဖုန်းအမျိုးအစားတွေကို 

ဘယ်နိုင်ငံထုတ်လဲ ကောင်းမကောင်းစသည် ဖြင့်  စစ်ဆေးလို့ ရပါတယ်ခင်ဗျာ။

အရင်ဆုံး အနေနဲ့ မိမိတို့ ဖုန်းကို

*#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ imei ဂဏန်း ( ၁၅ ) လုံးထွက်ပေါ်လာပါလိမ့် မယ်။

ဥပမာ- ၁  ၂   ၃   ၄   ၅   ၆   -     -   ၉ ၁၀ ၁၁  ၁၂  ၁၃  ၁၄  ၁၅ ။

ကွက်လပ်ဖြစ်နေတဲ့  ၇  ကြိမ် မြောက်နဲ့ ၈ ကြိမ်မြောင်ဂဏန်းတွေ ကို ကြည့် လိုက်ပါ။



သင့် ဖုန်း  ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-
 
(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေပါတယ်။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ ဖုန်းကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့
သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 13 ဖြစ်မယ်ဆိုရင်တော့
သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။


(၆) 05 သို့ မဟုတ် 50  ဖြစ်မယ်ဆိုရင်တော့  Vietnam, HongKong  ,Brazil , USA   က လာတဲ့ ဖုန်းအဖြစ်သတ်မှတ်နိုင်ပါတယ်။ samsung ဖုန်းအများစုမှာတေါ့ ရတတ်ပါတယ်။


(၇)  03/30 or 04/40, ဖြစ်မယ်ဆိုရင်တော့  china ထုတ်ပါခင်ဗျာ ကွာလတီတော့ ကောင်းပါတယ်။သို့ ပေမယ့်  00, 01 or 10.   ဒီကောင်တွေလောက်တော့   မကောင်းပါဘူးခင်ဗျာ။   အသင် အတင့် မှာ   ရှိနေတယ်ဆိုတဲ့   သဘောပါ။



မူရင်ဆိုမှာလည်း ဝင်ရောက်လေ့ လာနိုင်ပါတယ်ခင်ဗျာ http://www.esoftnetonline.com/cellphones.htm
                                                                       
                                                                                                                               ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ                                            

0 comments:

windows 8 မှာ folder တွေ ကို မြန်မာ လို ရေးမရတဲ့ သူများအတွက်

Posted in
No comments
By Unknown


 windows 8 မှာ folder တွေ ကို မြန်မာ လို ရေးမရတဲ့ သူများအတွက်
=======================================
( အဆင့် -၁ ) Control Panel > Fonts ထဲကို ဝင်လိုက်ပါ။

(အဆင့် -၂ ) Fonts ထဲမှာ Myanmar Text Regular ဆိုတဲ့ ပုံလေး ပျောက်နေ၊ မြုပ်နေရင် Right Click >> Show ဆိုပြီး ဖေါ်လိုက်ပါ..။

(အဆင့် -၃ ) ပြီးရင် ဇော် ဂျီ ကို တစ်ခါ install ပြန်လုပ်ပြီး restart ချပေးလိုက်ရင်ရပါပြီ။ (မြန်မာစာတွေ
folder မှာမြင်ရပါပြီ )


                                                                                      http://www.aungsanmks.com


0 comments:

မြန်မာ ဝက်ဆိုက်ဒ် တချို့က စာတွေ ဖတ်မရတဲ့ ပြဿနာ

Posted in
No comments
By Unknown

သူငယ်ချင်းတစ်ယောက်မေးနေလို့ မသိသေးတဲ့သူငယ်ချင်းများပါ ဗဟုသုတ ရစေဖို့ မျှဝေပေးလိုက်တာပါ....

(တချို့ ဝက်ဆိုက်ဒ် တွေမှာ  Myanmar Unicode အသုံးပြုထားတာကြောင့် မိမိတို့ ကွန်ပြူတာမှာ Unicode Font ကို Install ပေးထားဖို့လိုအပ်ပါတယ်...:) 
 Zawgyi Font လည်းရှိရက်နဲ့ မြန်မာစာတွေ ဖတ်မရလို့ပါတဲ့ .. ဟုတ်ပါတယ် တချို့ မြန်မာ ဝက်ဆိုက်ဒ် တွေက  Unicode ကို အသုံးပြုထားတတ်ကြပါတယ်... ဒါ့ကြောင့် Zawgyi Font ရှိရုံနဲ့ ဖတ်လို့အဆင်မပြေနိုင်ပါဘူး ... Unicode Font ကို Install ပေးရဦးမှာပါ...   .. ဒီ Unicode Font  mm3.ttf လေးကို ဒေါင်းယူပြီး Install လုပ်ပေးပါ ... အဆင်မပြေသေးဘူးဆိုရင် Firefox Browser အတွက် ဒီ Add On လေးကို add ပေးပါ  Chrome Browser အတွက်ကိုတော့ ဒီ Add On လေးကို add ပေးလိုက်ပါ....။
 
အားလုံးအဆင်ပြေကြပါစေ.....
 
                                                                          http://www.aungsanmks.com
 

0 comments:

Android device အသုံးပြုသူတိုင်း သိထားသင့်တဲ့ အချက် ၁၀ ချက်

Posted in
No comments
By Unknown


၁။ မိမိ Device နှင့် Android Version ကိုက်ညီမှု ရှိမရှိ စဉ်းစားပါ။

Android ဟာ မကြာခဏဆိုသလို Version အသစ်တွေ ပေါ်ထွက်တဲ့ အလေ့အထရှိပါတယ်။ Version အသစ်တိုင်းမှာလည်း ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားတဲ့ အတွက် Android အသုံးပြုသူများ အနေနဲ့ Version အသစ်ကို အသုံးပြုချင် တတ်ကြပါတယ်။ တစ်ခုထည့်သွင်း စဉ်းစားရမှာက Version Upgrade ပြုလုပ်ပြီးချိန်မှာ မိမိရဲ့ Device လေးလံလာတယ်ဆိုရင်တော့ Device နဲ့ Android Version ကိုက်ညီမှု မရှိဘူးလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။


၂။ အသုံးမပြုတဲ့ Application များကို ဖျက်ပစ်ပါ။


Storage ပမာဏများစွာ ပါဝင်တဲ့ Device တွေမှာ ဖြစ်တတ်တဲ့ ပြဿနာဖြစ်ပါတယ်။ Device Storage များပြားစွာ ပါဝင်နေတဲ့ အတွက် Application များစွာကို Install ပြုလုပ်ထားလေ့ရှိပြီး၊ အဆိုပါ Application တွေထဲက Error ပါဝင်လာမယ်ဆိုရင်တော့ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ လေးလံမှုရှိလာနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် မသုံးဖြစ်တဲ့ Application တွေကို ဖျက်ပစ်တာ အကောင်းဆုံးလုပ်ဆောင်ချက် တစ်ခုဖြစ်နိုင်ပါတယ်။


၃။ Device ရဲ့ စွမ်းဆောင်ရည်ကို နားလည်ပါ။


Device တစ်လုံးဟာ သက်တမ်းကြာလာတာနဲ့အမျှ လုပ်ဆောင်ချက် အားနည်းလာတာ ထုံးစံဖြစ်ပါတယ်။ ဒီတော့ သက်တမ်းကြာမြင့်နေပြီ ဖြစ်တဲ့ Device တွေမှာ နောက်ဆုံးထွက် Android Versin, Application, Game တို့ကို ထည့်သွင်း အသုံးမပြုသင့်ပါဘူး။ ဒါဆိုရင်တော့ သင့်ရဲ့ Device ဟာ သေချာပေါက် လေးလံနှေးကွေးသွားမှာ ဖြစ်ပါတယ်။


၎။ Wifi, Bluetooth, GPS, Data တို့ကို အသုံးမပြုလျှင် ပိတ်ထားပါ။


ဒီလုပ်ဆောင်ချက်တွေဟာ Android Device တစ်ခုရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေထဲက အချို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Function တွေကိုတော့ အသုံးမပြုချိန်မှာ ပိတ်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ Wifi, Bluetooth တို့ဟာ နီးစပ်ရာ Device တွေကို Detect လုပ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့က Battery အကုန်မြန်စေတတ်ပါတယ်။


၅။ Process End အတွက် Application အသုံးပြုပါ။


Android Device တွေရဲ့ အားနည်းချက်တစ်ခုကတော့ Application အတော်များများဟာ အသုံးပြုပြီးချိန်ထိ Background မှာ ဆက်လက်ပွင့်နေခြင်း ဖြစ်ပါတယ်။ ဒီ Background မှာရှိတဲ့ Application တွေကို End ပြုလုပ်နိုင်ဖို့အတွက် Task Killer, Process Killer တို့လိုမျိုး Application တွေကို အသုံးပြုသင့်ပါတယ်။ Background Application တွေ များပြားလာပြီဆိုရင်တော့ သင့် Device ဟာ အသုံးပြုရတာ နှေးကွေးလေးလံလာမှာ ဖြစ်ပါတယ်။


၆။ Device နဲ့ သင့်တောမယ့် Web Browser ကိုသာ အသုံးပြုပါ။


Web Browser ဟာ Android Device အတွက်တော့ မရှိမဖြစ်လိုအပ်တဲ့ Application တစ်ခုဖြစ်ပါတယ်။ Default ပါဝင်တဲ့ Browser နဲ့တင် လုံလောက်မှု ရှိပေမယ့် အခြား Browser အမျိုးအစားကို ထည့်သွင်းအသုံးပြုချင်တယ်ဆိုရင်တော့ Device နဲ့ သင့်တော်မယ့် Borwser အမျိုးအစားကို ရွေးချယ်အသုံးပြုသင့်ပါတယ်။


၇။ Anti-virus Application အသုံးပြုပါ။


အခုနောက်ပိုင်းမှာတော့ Android Device တွေ ထိခိုက်မှုတွေ ရှိလာတဲ့အတွက် ထည့်သွင်းအသုံးပြုသင့်တဲ့ Application တစ်ခု ဖြစ်ပါတယ်။ မလိုအားအပ်တဲ့ ဖိုင်တွေကို လုပ်ဆောင်ချက်တွေ လေးလံမှာကို Anti-virus Application တွေက ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ Device နဲ့ သင့်တော်မယ့် အမျိုးအစားကိုတော့ User ဖက်က ရွေးချယ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။


၈။ Launcher များစွာ အသုံးပြုခြင်းကို ရှောင်ကျဉ်ပါ။


Android ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Feature တွေထဲမှာ Launcher တွေဟာလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါပေမဲ့ Launcher မှာ Error ပါဝင်ခဲ့မယ်ဆိုရင်တော့ သင့် Device ကို ကောင်းကောင်း အခက်တွေ့စေနိုင်ပါတယ်။ ဒါကြောင့် သင့် Device မှာ လေးလံမှုတွေ ရှိလာပြီဆိုရင်တော့ Default အနေနဲ့ ပါဝင်တဲ့ Launcher ကိုသာ သုံးစွဲသင့်ပါတယ်။


၉။ Keyboard များစွာကို ထည့်သွင်း အသုံးမပြုသင့်ပါ။


Android မှာ Keyboard အမျိုးအစားများစွာကို ထည့်သွင်းအသုံးပြုနိုင်ခြင်းဟာ ကောင်းမွန်တဲ့ Feature တစ်ခု ဖြစ်ပေမယ့် များပြားလှတဲ့ Keyboard တွေဟာ Type ပြုလုပ်တဲ့ အချိန်အတွက်ရော၊ အခြားအချိန်တွေမှာပါ Device လေးလံမှုကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ English, Myanmar Keyboard နှစ်မျိုးကိုသာ ထည့်သွင်း အသုံးပြုသင့်ပါတယ်။


၁၀။ Device ကို ဂရုတစိုက် အသုံးပြုပါ။


ဒီအပိုင်းဟာလည်း အရေးကြီးတဲ့ အပိုင်းပဲဖြစ်ပါတယ်။ User အနေနဲ့ Device ကို လွတ်ကျခြင်းမျိုးကို ဂရုပြုရမှာ ဖြစ်သလို၊ ဘက်ထရီကုန်သွားတဲ့အထိလည်း အသုံးမပြုသင့်ပါဘူး။ Game နဲ့ Application တွေကို အသုံးပြုပြီးချိန်မှာတောင် Process End ပြုလုပ်ပေးခြင်းအားဖြင့် မြန်ဆန်သွက်လက်တဲ့ Android Device တစ်လုံးကို သင်ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။


 http://htwenaingwin.blogspot.com

0 comments:

Android Setting အကြောင်းကိုလေ့လာကြည့်ခြင်း

Posted in
No comments
By Unknown

ကျွန်တော်ဒီနေ့ Android ဖုန်းမှာအရေးကြီးတဲ့ Setting တစ်ခုလုံးရဲ့ အကြောင်းကိုလေ့လာကြည့်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ပို့စ်လေးရှယ်လိုက်ပါတယ်.....

ဒီပို့စ်လေးကို တင်ပေးရတဲ့ရည်ရွယ်ချက်ကတော့ -
- တစ်ချို့တစ်ချို့သောသူများက မိမိတို့ကိုင်တဲ့ဖုန်းဟာ Android Version ဘယ်လောက်တင်ထားလဲ Build No. ဘယ်လောက်လဲတောင် မသိတဲ့သူတွေရှိနေပါတယ်...
- တစ်ချို့ဆိုရင်လည်း WLAN ကဘယ်ကနေ၀င်ရမလည်းမသိသူများ၊ App & Game တွေကို SD ထဲကို ဘယ်လိုရွှေ့ရမလည်း စတဲ့စတဲ့ မသိသေးသူများအတွက် ဒီပို့စ်လေးတင်ပေးလိုက်ပါတယ်.....
လေ့လာသိထားသင့်တဲ့အကြောင်းအရာလေးလို့ ကျွန်တော်မြင်ပါတယ်ဗျ...
MMSD မှ ko aungminhanat ရဲ့ရေးသားချက် မူရင်းအတိုင်းပါ....
Service သမားတစ်ယောက်ဟာ ဖုန်းတစ်လုံးကို လေ့လာမယ်ဆိုရင် သူ့ရဲ့ settings ပိုင်းကို အရင်လေ့လာတာ အကောင်းဆုံးဘဲ...
အားလုံးက သူရဲ့settings ထဲမှာဘဲအကုန်ရှိပါတယ် အခုပြောပြမှာကတော့ android settings အကြောင်းပါခင်ဗျာ...ဒီ settings ပိုင်းကို
သိသွားရင် အားလုံးကိုယ် လုပ်ချင်တာ လုပ်လို့ရပါပြီ...သင်တန်းတွေမှာ တော်တော်များများ ဒီအကြောင်းတွေကို မပြောပြပါဘူး...
ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းနားလည်နေတယ် ထင်လို့ပါ မထင်ပါနဲ့...တစ်ချို့သင်တန်းသားတွေ ဆိုရင် android ဆိုတာ
ဘာမှန်းတောင် မသိပါဘူး...settings ပိုင်းဆိုရင်လေ့လာဖို့ ပြောမနေပါနဲ့ Androoid 0s တစ်ခုလုံးကို ထိန်းချုပ်နိုင်တာကတော့
system settings အဖြစ် settings ဆိုတဲ့application တစ်ခု ထည့်သွင်းပေးထားပါတယ်...သင်တန်းသားတစ်ယောက်က
android 0s ကို အသုံးပြုမယ်ဆိုရင် settings ပိုင်းဆိုင်ရာ ကို ကျွမ်းကျင်နေဖို့လိုပါတယ်...တစ်ခုချင်း ရှင်းပြပါမယ်...
အခု ဒီဟာကလေးကတော့  version ၄.၀ အထက် settings လေးပါ.....settings ပိုင်းဆိုင်ရာက version အလိုက် ကွဲလွဲပါတယ်...
ဒါပေမဲ့ တစ်ခုနဲ့ တစ်ခုက ပုံစံတူတူပါဘဲ...
WIRELESS & NETWORKS မှာဆိုရင် ဒီကောင်တွေပါပါတယ်
Wi-Fi                                   >> Network လိုင်း အမျိုးမျိုး ချိတ်ဆက်ရန်
Bluetooth                             >> Bluetooth ချိတ်ဆက်ခြင်း
Data usage                          >> Mobile Data
More                                   >>Network ပိုင်းဆက်သွယ်ရာ လုပ်ဆောင်ချက် အထိပါပါတယ်
DEVICE မှာဆိုရင် ဒီကောင်တွေ ပါပါတယ်
Sound                                  >> အသံပိုင်းဆိုင်ရာ လုပ်ဆောင်ချက်
Display                                 >> မြင်ကွင်းပိုင်းဆိုင်ရာ လုပ်ဆောင်ချက်
Storage                                >> မန်မိုရီ ပမာဏ
Battery                                >> ဘက်ထရီ ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်
Apps                                   >> application ပိုင်းဆိုင်ရာ လုပ်ဆောင်ချက် အထိပါဝင်ပါတယ်
PERSONAL မှာဆိုရင်
Call                                     >> ဖုန်း အ၀င်အထွက် ဆိုင်ရာ လုပ်ဆောင်ချက်
Message                               >> မက်ဆေ့ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်
Accounts & sync                    >> Account ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်
Location service                     >> GPS ဆိုင်ရာ လုပ်ဆောင်ချက်
Security                                 >> ကိုယ်ပိုင် လုပ်ဆောင်ချက်
Language & input                   >> ဘာသာစကား နှင့် စာရိုက်ကွက်
Backup & reset                       >>ကိုယ်ပိုင် လုပ်ဆောင်ချက် အထိ ပါဝင်ပါတယ်
SYSTEM  မှာဆိုရင် တော့
Date & time                           >> အချိန် နှင့် နေ့ရက် အတွက်
Accessibility                           >> အသုံးဝင် ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်
Developer options                  >> အသုံးဝင် ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်
Fast boot                              >> ပါဝါ ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်
About phone                         >> ဖုန်းအချက်အလက် မှတ်တမ်း အထိပါဝင်ပါတယ်….
Wi-Fi အကြောင်းကိုလေ့လာခြင်း
wifi ဆိုတာကတော့ network ကွန်ယက်ချိတ်ဆက်ခြင်း လို့ အမည်ရပါတယ် wifi မှာက နှစ်မျိုးရှိပါတယ်...
Free ရတဲ့ wifi နဲ့ security ကို ထိန်းချုပ်ထားတဲ့ wifi ဆိုပြီး ရှိပါတယ်...free ရတဲ့ wifi ဆိုရင် အလွယ်တကူ wifi ချိတ်ဆက်နိုင်ပြီးတော့
security ထိန်းချုပ်ထားတဲ့ wifi ဆိုရင်တော့ အလွယ်တကူသုံးလို့မရပါဘူး...သူရဲ့ password ကို သိမှာတာ သုံးလို့ရပါလိမ့်မယ်...
free ရတဲ့ wifi ရှိတဲ့နေရာကတော့ ကော်ဖီဆိုင်တွေ အအေးဆိုင်တွေမှာ တစ်ခါတစ်လေပေးတတ်ပါတယ်...security ထိန်းချုပ်ထားတဲ့
wifi ဆိုရင်တော့ wifi ကို ၀င်လိုက်တာနဲ့ ဘေးနားမှာ သော့ပုံစံလေး ပေါ်နေတတ်ပါတယ်...wifi ကို ဘာလို့ချိတ်ရလဲဆိုရင် အင်တာနက် သုံးဖို့အတွက် ချိတ်ဆက်ခြင်းဖြစ်ပါတယ်..
Android setting.JPG (74.65 KB, Downloads: 0)    
 
Bluetooth အကြောင်း လေ့လာခြင်း
Bluetooth ဆိုတာကတော့ ဖုန်းတစ်လုံးနဲ့ တစ်လုံး data တွေရှယ်တဲ့အခါမှာ သုံးခြင်းနှင့် Bluetooth Earphone ချိတ်ဆက်ခြင်းအတွက် သုံးတဲ့အခါမှာ အသုံးဝင်ပါတယ်...Bluetooth system ပါသော ဖုန်းအချင်းချင်း သီချင်း၊ ဗီဒီယို၊ဖိုင်၊ ဂိမ်းတွေ အခြားခြားသော ဖိုင်တွေရှယ်တဲ့အခါမှာ အသုံးပြုကြပါတယ်...Bluetooth ကို ချိတ်ဆက်မယ်ဆိုရင်  bluetooth ကို on ပြီးတော့ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ရပါမယ်...တကယ်လို့ မသိသေးပါက scan for device ကို နှိပ်ပေးလိုက်ပါ တအောင့်လောက် ကြာရင် ဖုန်း အချင်းအချင်း သိသွားပါလိမ့်မယ် သိသွားရင် အချက်ပြစာတမ်းလေ တတ်လာပါလိမ့်မယ်... pair ဆိုတဲ့ စာလေးကို နှိပ်လိုက်ပါ...version အနိမ့်ဖုန်းတွေမှာ တစ်ခါတစ်လေ password တောင်းတတ်ပါတယ်...အဲဒီအခါကျရင် 0000 ဒါမှ မဟုတ် 1234 ကို နှိပ်လိုက်ပါ... အဲဒီအခါ သိသွားပြီး မိမိတို့လိုချင်တဲ့ ဖိုင်တွေ ရှယ်လို့ရပါပြီ...

Data usage အကြောင်း
ဒီအပိုင်းကတော့ mobile data limit တွေကို ချိန်ပေးတဲ့ အပိုင်းပါ ဒါကတော့ မလိုပါဘူး....

More အကြောင်းကိုလေ့လာခြင်း
More ဆိုတဲ့ အပိုင်းကို ၀င်လိုက်တာနဲ့ Wireless & networks ဆိုတဲ့ အပိုင်းကို တွေ့ရပါလိမ့်မယ်...ဒီအပိုင်းမှာ ဘာတွေ ပါဝင်လဲဆိုရင်
Airplane mode,VPN,Tethering & portable hostpot,Mobile network အပိုင်းပါ...Airplane mode ဆိုတာကတော့ လေယာဉ်ပျံလို့ ဆိုရမှာပေါ့...သူရဲ့ဆိုလိုရင်းကဘာလဲဆိုတော့ လေယာဉ်ပေါ်ရောက်ရင် အကုန်လုံးဆက်သွယ်မှု ဧရိယာပြင်ပရောက်ကုန်ရောလေ...
အဲဒီအဓိပ္ပါယ်ပါဘဲ အဲဒီကောင်လေးကို off လုပ်လိုက်တာနဲ့ မိမိရဲ့ အပေါ်ဘားတန်းမှာ လေယာဉ်ပျံလေး ပေါ်နေပါလိမ့်မယ်...
ဒီကောင်းလေးကိုပိတ်လိုက်ရင် ဖုန်းလိုင်းလေးပျောက်သွားပါလိမ့်မယ်....ဒါပေမဲ့ ဒီပြင်လုပ်ဆောင်ချက်တွေ အကုန်လုပ်ဆောင်လို့ရပါတယ်...
ဒီကောင်က ဖုန်းလိုင်းတစ်လိုင်းထဲကိုသာ လုပ်ဆောင်ပေးတာပါ...သီချင်းတွေ ဗီဒီယိုတွေ ဂိမ်းတွေ ဆော့လို့ရပါလိမ့်မယ်...power off ထားစရာမလိုတော့ပါဘူး...VPN ဆိုတာကတော့ မြန်မာနိုင်ငံမှာ သိပ်မသုံးကြပါဘူး ဘာလိုလဲဆိုတော့ ဒီကောင်ကို သိပ်မရှင်းပြတော့ပါဘူး...
Tethering & portable hostpot ကတော့ ကိုယ့်ဆီက အင်တာနက်ကို sharing လုပ်ပေးတဲ့သဘောပါ...ဆိုလိုရင်းကတော့ အင်တာနက်ကို မျှဝေသုံးစွဲခြင်းပေါ့...Mobile networks ဆိုတာကတော့ ကိုယ့်ဖုန်းတစ်လုံး အင်တာနက်လျှောက်ပြီးသွားရင် ဒီထဲမှာသွားပြင်ရတဲ့ အပိုင်းပါ...
ဒီအပိုင်းကို internet settings ချိတ်နည်းအပိုင်းကျမှ ရှင်းပြပေးပါမယ်...
Sound အကြောင်းကိုလေ့လာခြင်း
Sound ဆိုတာကတော့ အသံပိုင်းဆိုင်ရာကို လေ့လာခြင်း ဖြစ်ပါတယ်...အဲထဲကို ၀င်လိုက်တာနဲ့ သူနဲ့သက်ဆိုင်တဲ့ folder တွေ ကျလာပါလိမ့်မယ်...
volume ဆိုတဲ့အပိုင်းမှာ တော့ music, video, games, other media, Ringtone & notifications , Alarms တွေပါပါလိမ့်မယ်...
Silent mode ဆိုတာကတော့ ဖုန်းလာရင် vibrate တုန်ခါတာရယ် ဖုန်းလာရင် ဘာအသံမှ မကြားချင်တာရယ် ထားလို့ရပါတယ်...
phone ringtone မှာ ဆိုရင်တော့ ဖုန်းလာရင် မြည်တဲ့အသံကို အမျိုးမျိုးထားလို့ရပါတယ်...သူထဲ့ကပါတဲ့ ringtone အပြင် အပြင်ကထည့်ထားတဲ့
ringtone တွေပါ ထည့်ထားလို့ရပါတယ်...Default notification ဆိုတာကတော့ အခြားခြားသော ringtone အသံတွေထားလို့ရပါတယ်...
အများစုကတော့ မက်ဆေ့ကို default notification မှာ ringtone အသံလာပြောင်းတာများပါတယ်...Vibrate & ring ကတော့ ဖုန်းလာရင် သီချင်းကော vibrate တုန်ခါသံပါ ကြားရတဲ့အပိုင်းပါ...DTS mode ဆိုတာကတော့ သူ့အတိုင်းဘဲ ထားလိုက်ပါ အသုံးမလိုပါ Dial pad touch tones ဆိုတာကတော့ ဖုန်းခေါ်တဲ့အခါ ကီးပတ်လေးတွေကို နှိပ်လိုက်တဲ့အခါ မည်တဲ့အသံပါ...အသုံးမလိုပါက ဒီနေရာကနေလုပ်ဆောင်လို့ရပါတယ်... Touchsound ဆိုတာကတော့ touch နှိပ်လိုက်ရင် မြည်တဲ့အသံပါ...Screen lock sound ဆိုတာကတော့ ဖုန်းမျက်နှာပြင်ကို ပိတ်လိုက်ရင် မြည်တဲ့အသံပါ...Vibrate on touch ဆိုတာကတော့ touch နှိပ်လိုက်ရင် vibrate တုန်ခါတဲ့အသံပါ...

Display အကြောင်းကိုလေ့လာခြင်း
Display  ဆိုတာကတော့ မြင်ကွင်းပိုင်းဆိုင်ရာကိုပြောတာပါ...Display ကို ၀င်လိုက်တဲ့အခါ Brightness, Wallpaper, Auto-rotate screen, Sleep, Font size, Notification settings ဆိုတဲ့ အပိုင်းလေးတွေ တွေ့ရပါလိမ့်မယ်...Brightness ဆိုတာကတော့ အလင်း/အမှောင်ကို ပြောတာပါခင်ဗျာ... သူကတော့ မြင်ကွင်းပိုင်းရဲ့ အလင်း/အမှောင်ကို ချိန်ရတဲ့အပိုင်းပါ... Wallpaper ကတော့ ကျွန်တော်တို့ ဖုန်းစစဖွင့်ချင်း မြင်ရတဲ့မျက်နှာပြင် မှာပေါ်တဲ့ ရုပ်ကိုပြောတာပါ...သူကတော့ ပုံစံအမျိုးမျိုးနဲ့ ပုံတွေကို လိုချင်သလိုပြောင်းလို့ရပါတယ်...ဓာတ်ပုံအရှင်တွေပါ ထားလို့ရပါတယ်...
Auto-rotate screen  မှာ အမှန်ခြစ်လေးတပ်ထားပါက ဖုန်းကို တစ်ခြမ်းစောင်းလိုက်တာနဲ့ အလိုလိုလှည့်ပတ်ပေးပါတယ်...
sleep ကတော့ ကိုယ့်ဖုန်းကို အသုံးမပြုချင်တဲ့အခါမှာ အချိန်နဲ့မှတ်ပြီး auto ပိတ်ပေးပါတယ်...လိုသလို ချိန်ပေးလို့ ရပါတယ်...Font size ကတော့ မိမိမြင်နေတ့စလုံးတွေရဲ့ အရွယ်အစားကိုပြောတာပါခင်ဗျာ...သေးလို့ရတယ် ကြီးလို့ရပါတယ်...Notification settings ကတော့ ဘားတန်းကိုပြောတာပါခင်ဗျာ...ဒီကောင်လေးကို အမှန်ခြစ်ဖြုတ်ထားရင် မိမိရဲ့အပေါ်ဘားတန်းမှာ သူနဲ့သက်ဆိုင်တဲ့ settings တွေပေါ်မှာမဟုတ်ပါဘူး...တကယ်လို့ ပေါ်ချင်ရင် အမှန်ခြစ်လေးတတ်ထားလိုက်ပါ...ဒီတစ်ချက်တော့ အရေးကြီးပါတယ်...
ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့ customer တွေက တစ်ခုခုမှားနှိပ်မိရင် အပေါ်ဘားတန်းလေးပျောက်သွားတတ်ပါတယ်...အဲဒီအခါကျရင် အဲကောင်လေးကို အမှန်ခြစ်ထည့်ပေးလိုက်ပါ...

Storage Settings အကြောင်းကိုလေ့လာခြင်း
Storage  ဆိုတာကတော့ မန်မိုရီ မှတ်ဥာဏ်ကို ဆိုလိုတာပါ...သူထဲက ၀င်လိုက်တာနဲ့ software upgrade ကိုတွေ့ပါလိမ့်မယ်...အဲဒီကောင်က ဘယ်အခါတွေမှာအသုံးဝင်လဲဆိုရင် တစ်ချို့ huawei ဖုန်းတွေလောက်မှာဘဲ အသုံးဝင်ပါတယ်...ဖန်းဝဲဗားရှင်း မြှင့်တင်တဲ့အခါ update လုပ်တဲ့အခါလောက်မှာ အသုံးဝင်ပါတယ်...Default storage location  ကတော့ ဖုန်းမန်မိုရီ ရွှေးပေးရတာပါ...အဲထဲကို ၀င်လိုက်တာနဲ့ Internal Storage နဲ့ SD card ဆိုတာ ရှိပါတယ်...SD card ထည့်ထားရင် SD card ကို ရွှေးပေးထားလိုက်ပါ... ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့ ဗားရှင်းအမြှင့် 4.1.1 ကနေစပြီးတော့ တစ်ချို့ဖုန်းတွေမှာ SD card ကို မရွှေးပေးထားတဲ့အတွက် သွင်းသမျှ software တွေကမန်မိုရီကဒ်ထဲကိုဘဲဝင်နေလို့ပါ... ဘယ်လိုလုပ်လုပ် SD card ကို သိမှာ မဟုတ်ပါဘူး... အဲဒီအခါကျရင် Default storage location>>SD card ကိုရွှေးပေးထားလိုက်ပါ... အောက်ကအပိုင်းတွေကတော့ ဘယ် application က ဘယ်လောက်သုံးထားသလဲဆိုတာ ပြတဲ့အပိုင်းတွေပါ...လေ့လာကြည့်ပါ...

Battery အကြောင်းကိုလေ့လာခြင်း
Battery အပိုင်းကိုဝင်လိုက်တာနဲ့ ဘက်ထရီရဲ့စွမ်းအင်ရာခိုင်နှုန်းကို ဖော်ပြတဲ့အရာရယ် နောက်တစ်ခု ဘယ်အပိုင်းက ဘယ်လိုသုံးထားသလဲ ဆိုတဲ့အပိုင်းရယ်ပါ...ဒီကောင်းလေးကတော့ သိအောင်လို့ပါ အသုံးမလိုပါ...
Apps အကြောင်းကိုလေ့လာခြင်း
Apps ထဲကိုဝင်လိုက်တာနဲ့ ကိုယ့်သွင်းထားတဲ့ application တွေကို တွေရပါလိမ့်မယ်...မိမိတို့သွင်းထားတဲ့ app တွေကို မကြိုက်တဲ့အခါ ဒီမှာတစ်ခုချင်းလာဖျက်လို့လဲရပါတယ်...ပြီးတော့ SD card ထည့်ထားရင် ဖုန်းမန်မိုရီထဲ့က app တွေကိုလည်း ဒီမှာလာရွှေ့လို့ရပါတယ်... ရွှေ့ချင်တယ် ဆိုရင်တော့ version အနိမ့်တွေမှာ လွယ်လွယ်ကူကူရွှေ့လို့ရပြီးတော့ version အမြှင့်တွေမှာဆိုရင်
settings >> storage >> Default storage location >> sd card ကိုရွေးပေးထားလိုက်ပါ အဲဒီအခါကျရင် လွယ်လွယ်ကူကူ ရွှေ့လို့ရပါပြီ...


Call နဲ့ Message settings အကြောင်းကိုလေ့လာခြင်း
Call အပိုင်းမှာဆိုရင် သူနဲ့သက်ဆိုင်တဲ့အပိုင်းတွေပါပါတယ်...voicemail service တို့ voicemail settings တို့တွေဟာ မြန်မာနိုင်ငံအနေနဲ့ အသုံးမ၀င်ပါဘူး...ကျော်ခဲ့ပါ...နောက်တစ်ခု Message ဆိုတဲ့အပိုင်းမှာတော့ Message settings ဆိုတဲ့ သက်ဆိုင်တဲ့ အပိုင်းတွေပါပါတယ်... သူကိုအမှန်ခြစ်ထားတွေထားလိုက်ပါ...တစ်ချို့ဖုန်းတွေမှာ မက်ဆေ့အ၀င်ရပြီးတော့ အထွက်မရတဲ့အခါတွေရှိပါတယ်...အဲဒီအခါကျရင် ဒီနေရာမှာ လာပြင်ပေးရပါတယ်...message center ပါတဲ့ ဖုန်းတွေမှာဘဲ ပြင်ပေးလို့ရပါတယ် message >> message center >> +9595930003 ရယ် +9595930014 ရယ် ကိုယ့်နဲ့ သင့်တော်တဲ့အရာထည့်ပြီးတော့ လုပ်ကြည့်ပါ...တစ်ခုမဟုတ် တစ်ခုအဆင်ပြေပါတယ် version အမြှင့်ဖုန်းတွေမှာကျတော့ တစ်ချို့ဟာတွေမပါတတ်ပါဘူး...ဒါပေမဲ့ တစ်ခါတစ်လေ သူကအော်တို ချိန်ပေးတတ်ပါတယ်...တစ်ချို့ဖုန်းတွေမှာ မက်ဆေ့အ၀င်အထွက်တွေက တစ်ခါတစ်လေ ??? ?? အဲလိုတွေ ပေါ်နေတတ်ပါတယ်...အဲဒီအခါကျရင် Message setting>>input method>>auto ကိုရွေးပေးပါ...ပြီးရင် ဖုန်းကို restart ချ...ဒါမှမဟုတ် ပါဝါပိတ်ပြီး ပြန်ဖွင့်ပါ...အဲ့ခါကျရင် မက်ဆေ့ ပြန်ပို့ကြည့်ပါ...အဆင်ပြေပါလိမ့်မယ် key pad ဖုန်းတွေမှာလည်း ဒီလိုဘဲ ပြင်ပေးရင်ရပါတယ်...Accounts & sync နဲ့ Location services နဲ့ Security အကြောင်းတွေကိုလေ့လာခြင်း
Accounts & sync ဆိုတာကတော့ အင်တာနက်သုံးရင်  မိမိရဲ့ Facebook account, gmail account, yahoo mail account တစ်ခြားခြားသော အကောင့်တွေကို ဒီမှာလာထည့်ထားလို့ရပါတယ်...gmail accont ဖွင့်ချင်ရင် ဖုန်းထဲက လာဖွင့်ရင် ပိုအဆင်ပြေပါတယ်...ဒီနေရာကနေ လာဖွင့်ရင် ပိုအဆင်ပြေပါတယ်...

Location services ကတော့ GPS ကို ပြောတာပါခင်ဗျာ... ဒါပေမဲ့ သူ့ကိုသုံးရင် GPS ပါတဲ့ app တွေခံသုံးမှဘဲ အဆင်ပြေပါလိမ့်မယ်...ဥပမာ Gother Myanmar ဆိုတဲ့ application ခံသုံးရင်တော့ ပိုအဆင်ပြေပါလိမ့်မယ်...

Security ဆိုတဲ့အထဲကို ၀င်လိုက်တာနဲ့ အပေါ်ဆုံးတန်းမှာ Screen lock ဆိုတဲ့အရာလေး တွေ့ပါလိမ့်မယ်...ဒီကောင်လေးက ဘာလဲဆိုတော့ ဖုန်းစစဖွင့်လိုက်တာနဲ့ ဖုန်းမျက်နှာပြင်ကို lock ချထားတာပါ...သူကတော့ တော်တော်များများ အသုံးဝင်ပါတယ်...နံပတ်တွေ ဂဏန်းတွေနဲ့ ဖုန်းရဲ့မျက်နှာပြင်ကို lock ချထားတဲ့အရာလေးပါ...ကိုယ့်မနှစ်သက်လို့ ပြန်ပြောင်းချင်ရင်လည်း ဒီနေရာကနေ လာပြောင်းလို့ရပါတယ်...
နောက်ပိုင်း ဗားရှင်းတွေမှာ ဖုန်းရဲ့မျက်နှာပြင်ကို ကိုယ့်ရဲ့မျက်နှာနဲ့ lock ချတဲ့ အရာလေးပါလာပါတယ်...Owner info ဆိုတာကတော့ စာသားလေးတွေ အလှရေးပြီးတော့ ဖုန်းစစဖွင့်လိုက်တာနဲ့ ဖုန်းရဲ့မျက်နှာပြင်မှာ စာသားလေးတွေ ပေါ်နေတဲ့အရာပ...သူကျတော့ တစ်ချို့ဖုန်းတွေမှာ မပါပါဘူး SIM/RUIM CARD LOCK ကိုတော့ ဘာမှသွားမလုပ်ပါနဲ့...အန္တရယ် အရမ်းများပါတယ်...မိမိကသိလို့lock ချထားရင် အကြောင်းမဟုတ်ပါဘူး...တကယ်လို့ lock ချထားမိလို့မသိရင် ကဒ်ပျက်သွားတတ်ပါတယ်...ဖြစ်နိုင်ရင် သူ့ကိုတော့ သွားမလုပ်မိပါစေနဲ့ (Dangerous)...အောက်ကဟာတွေကျတော့ အဲလောက်မလိုပါဘူး...ဒါပေမဲ့ Unknown sources ကိုတော့ အမှန်ခြစ်ထည့်ထားပေးပါ ဒီကောင်က အရေးကြီးပါတယ်...

Language & input အကြောင်းကိုလေ့လာခြင်း
Language & input  မှာတော့ ဘာသာစကားနှင့်ဆိုင်တဲ့အပိုင်းရယ် စာရိုက်ကွက်အတွက် ဖောင့်တွေပါပါတယ်...ဖုန်းတစ်လုံးဝယ်တာဘဲဖြစ်ဖြစ် software ရေးတာဘဲဖြစ်ဖြစ် စစကိုင်ခြင်း ဖုန်းကို language ပြောင်းပေးရပါတယ်...အဲဒီအခါကျရင် တရုတ်စာတွေ ကိုးရီးယားစာတွေ ဖြစ်နေတတ်ပါတယ်...ဘာမှမပူပါနဲ့ ဖုန်းရဲ့သင်္ကေတလေးတွေသာ လိုက်ကြည့်ပြီးလုပ်သွားလိုက်ပါ...အဆင်ပြေပါလိမ့်မယ်...
language ပြောင်းချင်ရင် စာလေးတွေရဲ့ဘေးနာမှာ သင်္ကေတပုံလေးတွေ ပါပါလိမ့်မယ်...သတိထားကြည့်လိုက်ပါ language ကိုပြောင်းချင်ရင်တော့ A ပုံစံလေးတွေပါလိမ့်မယ်...အဲထဲကိုဝင်ပြီး အပေါ်ဆုံးကစာလေးကို တစ်ချက်နှိပ်ပြီး အဲ့ဒီထဲမှာ ဘာသာစကားကို ရွေးချယ်ပေးလို့ရပါတယ်...မြန်မာနိုင်ငံမှာတော့ English(United States) ကို ရွှေးပေးရပါတယ်...အဲဒါဆိုရင် English လို ပေါ်သွားပါပြီ  KEYBOARD & INPUT METHODS ဆိုတဲ့အပိုင်းမှာတော့  Default ဆိုတဲ့အပိုင်းမှာ မြန်မာစာအော်တို ပြောင်းချင်ရင် မြန်မာစာနဲ့ သက်ဆိုင်တဲ့ keyboard ကိုလာရွေးပေးပါ...အများစုကတော့ Frozen keyboard ကိုဘဲ သုံးတာများပါတယ်...အဲဒီမှာ Frozen keyboard pro ကို မသုံးမိပါစေနဲ့...သူ့က တစ်ခါတစ်လေ update version တောင်းတတ်တယ်...ပြီးတော့ ဘယ်နှစ်ရက်ဘဲသုံးလို့ရတဲ့ ကန့်သတ်ချက်တွေပါလို့ပါ...အောက်က key board တွေကတော့ ကိုယ့်သုံးမဲ့ keyboard တွေကိုဘဲ အမှန်ခြစ်ပေးပါ...

0 comments:

NOTEPAD TICK

Posted in
No comments
By Unknown

ဒါလေကတော့ မိမိတို့ရဲ့ notepad မှာ Q33NY ရေးလိုက်ရုံနဲ့ ပုံလေတွေ ဖြစ်အောင် ဖန်တီးရအောင်
ကဲစလိုက်ရအောင်
       (1)မိမိရဲ့ notepad ကိုဖွင့်လိုက်ပါ
       (2)Q33NY ကိုေ၇းလိုက်ပါ  *မိမိကြိုက်တဲ့ letter ရေးလို့ရသည်*
       (3)ပြီရင် notepad မှ format ကိုဝင် font ကို ကလစ် font ကို Wingdings ကိုထား
        size မှာ 72 ထားပြီး save လိုက်ပါ ဒီလိုပုံလေးတွေ ပေါ်လာပါလိမ့်မယ်
                                                                                                     Think for red

0 comments:

Posted in
No comments
By Unknown

မင်္ဂလာပါ...
နည်းလမ်းများသာ ပို့အဖြစ်တင်သွားပါမည်.လိုအပ်သည်များရှိလျှင် သင်ကြားပေးရန်   ကြိုဆိုပါသည်...

0 comments:

About the Author

Lorem ipsum dolor sit amet, consectetur adipiscing elit. Pellentesque volutpat volutpat nibh nec posuere. Donec auctor arcut pretium consequat.

Proudly Powered by Blogger.