IMEI ကပြောသော သင့် ဖုန်းရဲ့ ကွာလတီအကြောင်း.......
Posted in
No comments
Friday, 8 November 2013 By Unknown

Iphone , nokia , samsung , sonny ericsson and motorola စတဲ့ ဖုန်းများကို သင့် ဖုန်းရဲ့  IMEI
(International Mobile Equipment Identity - ) နိုင်ငံတကာ မိုဘိုင်းဖုန်း
တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် IMEI ကို ကြည့် ရှူ့ ပြီး ဖုန်းအမျိုးအစားတွေကို
ဘယ်နိုင်ငံထုတ်လဲ ကောင်းမကောင်းစသည် ဖြင့်  စစ်ဆေးလို့ ရပါတယ်ခင်ဗျာ။
အရင်ဆုံး အနေနဲ့ မိမိတို့ ဖုန်းကို
*#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ imei ဂဏန်း ( ၁၅ ) လုံးထွက်ပေါ်လာပါလိမ့် မယ်။
ဥပမာ- ၁ ၂ ၃ ၄ ၅ ၆ - - ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ။
ကွက်လပ်ဖြစ်နေတဲ့  ၇ ကြိမ် မြောက်နဲ့  ၈ ကြိမ်မြောင်ဂဏန်းတွေ ကို ကြည့် လိုက်ပါ။
သင့် ဖုန်း ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-
(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေပါတယ်။
(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။
(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ ဖုန်းကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။
(၄) 00 ဖြစ်မယ်ဆိုရင်တော့
သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
(၅) 13 ဖြစ်မယ်ဆိုရင်တော့
သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။
(၆) 05 သို့ မဟုတ် 50 ဖြစ်မယ်ဆိုရင်တော့  Vietnam, HongKong ,Brazil , USA က လာတဲ့ ဖုန်းအဖြစ်သတ်မှတ်နိုင်ပါတယ်။ samsung ဖုန်းအများစုမှာတေါ့ ရတတ်ပါတယ်။
(၇) 03/30 or 04/40, ဖြစ်မယ်ဆိုရင်တော့  china ထုတ်ပါခင်ဗျာ ကွာလတီတော့ ကောင်းပါတယ်။သို့ ပေမယ့်  00, 01 or 10. ဒီကောင်တွေလောက်တော့  မကောင်းပါဘူးခင်ဗျာ။ အသင် အတင့် မှာ ရှိနေတယ်ဆိုတဲ့  သဘောပါ။
မူရင်ဆိုမှာလည်း ဝင်ရောက်လေ့ လာနိုင်ပါတယ်ခင်ဗျာ http://www.esoftnetonline.com/cellphones.htm
Related posts
Share this post




0 comments: